ထန်တလန်မြို့တွင် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ညိနှိုင်းအစည်းအဝေးပြုလုပ်

            ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီဝင်များနှင့်စားသောက်ဆိုင်ပိုင်ရှင်များ ကိုဗစ်-၁၉ ကာလအတွင်း စနစ်တကျပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအစေးကို (၄.၆.၂၀၂၀)ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပသည်။ ယင်းအစည်းအဝေးတွင် စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌနမှ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များနှင့်စားသောက်ဆိုင်များတွင် ပြင်ဆင်ဆောင်ရွက်ထားရှိရမည့်အချက်များကို မြို့နယ်ကုသရေးဆရာဝန်ကြီး ဒေါက်တာထွန်းပွားနှင့်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးရမ်ခါရ်တို့က ရှင်းလင်းပြောကြားသည်။ အဆိုပါ စားသောက်ဆိုင်များပြန်လည်ဖွင့်လှစ်ပါက သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိမှုရှိ/မရှိ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများဖြင့် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

စာစုများ -