ထန်တလန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့မှ Facility Quarantine ထားရှိသူများအား စားသောက်ဖွယ်ရာများသွားရောက်လှူဒါန်း

         ချင်းပြည်နယ်၊ဟားခါးခရိုင်၊ထန်တလန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်စေရန် သီးသန့်စောင့်ကြည့်မှု Facility Quarantine ထားရှိသော နေရပ်ပြန်ပြည်သူများနှင့်ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေသည့် လုံခြုံရေးတာဝန်ကျ ကျန်းမာရေးအဖွဲ့ဝင်များ အတွက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲမှ စားသောက်ဖွယ်များ သွားရောက်လှူဒါန်းခဲ့သည်။  ထန်တလန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရန် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် လမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် ဦးဆောင်လျက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်လူမှုရေးအသင်းအဖွဲ့များပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီမှ ကိုဗစ်-၁၉​ ရောဂါကာကွယ်၊ထိန်းချုပ်စေရန် သီးသန့်စောင့်ကြည့်မှု Facility Quarantine နေရာကို စီစဉ်ဆောင်ရွက်ထားရှိကာ လက်ရှိတွင် ပြည်တွင်းပြည်ပမှ ပြန်လည်ရောက်ရှိလာသူ (၁၁) ဦးအား ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး နေ့စဉ်ကျန်းမာရေးစစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။

စာစုများ -