ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ် ဟားခါးတက္ကသိုလ် စုပေါင်းနယ်မြေလျာထားမြေ ဧရိယာအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှု

          ချင်းပြည်နယ် ဟားခါးမြို့ရှိဟားခါးကောလိပ်နယ်မြေအား နိုင်ငံတော်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးတက္ကသိုလ်စုပေါင်းနယ်မြေအဖြစ် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ရာ တက္ကသိုလ်နယ်မြေအတွင်း ကဏ္ဍအလိုက်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အဆောက်အဉီများ ဆောက်လုပ် နိုင်ရေးအတွက် ဇွန်(၁၅)ရက်နေ့နံနက် ၉ နာရီအချိန်က ချင်းပြည်နယ် ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဉီးတိုးဝင်းနှင့် ပြည်နယ်အဆင့်တာဝန်ရှိသူများက မြေနေရာများ ကို ကွင်းဆင်းကြည့်ရှုခဲ့ကြပါသည်။   ရှေးဉီးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ဟားခါးတက္ကသိုလ်စုပေါင်းနယ်မြေဇုံလျာထားမြေဧရိယာအတွင်း သက်ဆိုင်သည့်တက္ကသိုလ်များအလိုက်လျာထားမြေနေရာများ၊သင်ကြားရေးအဆောက်အဉီများဆောက်လုပ်ရန် လျာထားမြေနေရာများ၊ နည်းပြည်များနှင့်ဝန်ထမ်းများအိမ်ရာဆောက်လုပ်ရန်လျာထားမြေနေရာများသတ်မှတ် နိုင်ရေးမြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ ဟားခါးကောလိပ် ကျောင်းအုပ်ဆရာကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာ လျန်းဇာအုပ် နှင့် ပြည်နယ်အဆင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။   ဆက်လက်ပြီး ဟားခါးကောလိပ်အတွင်း သတ်မှတ်ဘဏ္ဍာရေးနှစ်အလိုက်ဆောက်လုပ်လျက်ရှိသည့် ဘွဲ့နှင်းသဘင်ခန်းမဆောင်နှင့် စာသင်ဆောင်များ ၊ ကျောင်းသား၊ ကျောင်းသူအဆောင်များ တိုးချဲ့ ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟားခါးတက္ကသိုလ်စုပေါင်းနယ်မြေအတွင်း စိမ်းလန်းစိုပြေရေးလုပ် ငန်းများအပါဝင် စီမံအုပ်ချုပ်မှုလုပ်ငန်းများကောင်းမွန်စေရေး စနစ်တကျစီမံ ဆောင်ရွက်ထားရှိရန်နှင့် ခရီးစဉ်လမ်းညွှန်မှာကြားချက်များအပေါ်အချိန်နှင့်တပြေးညီ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။

စာစုများ -