ထန်တလန်မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း နေ့စဉ်ဆောင်ရွက်လျက်ရှိ

              ချင်းပြည်နယ်၊ ဟားခါးခရိုင် ၊ ထန်တလန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ထန်တလန်မြို့သို့ ဝင်ရောက်လာသူများအား မြို့အဝင်လုံခြုံရေးစစ်ဆေးဂိတ်နေရာတွင် နေ့စဉ်ကျန်းမာရေးစစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စစ်ဆေးရေးဂိတ်တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့်ကော်မတီဝင်များ၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ကျ ဝန်ထမ်းများက ထန်တလန်မြို့သို့ ဝင်ရောက်ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများနှင့်ယာဉ်မောင်းများအား လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ မိမိခရီး စတင်ထွက်ခွါလာသည့် ဒေသနှင့်သွားရောက်မည့်ဒေသများကို မှတ်တမ်းရယူခြင်း၊ မြို့နယ်တွင် နေထိုင်ပါက နေထိုင်မည့်နေရပ်လိပ်စာများကို စိစစ်မေးမြန်းမှတ်တမ်းပြီးမှ ဖြတ်သန်းသွားလာခွင့်ပြုခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ထန်တလန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအနေဖြင့် စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စာစုများ -