ချင်းပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်တက်ရောက်

            ချင်းပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၇ရက်နေ့ နံနက် ၁၀နာရီအချိန်က ဟားခါးမြို့၊ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ  ချင်းပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ ချင်းပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ငြိမ်းနှင့် ချင်းပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။  ရှေးဦးစွာ ချင်းပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဉက္ကဌ ပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ်အတွင်း မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်ရရှိရေးနှင့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊နည်းဉပဒေများကို သိရှိလိုက်နာ၍ ပြည်သူများ လုပ်ကိုင်နေထိုင်နိုင်ရေးတို့ကို ဝိုင်းဝန်းဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပြီးနောက် ချင်းပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ၂၀၁၂ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဉပဒေ၊နည်းဉပဒေပြဌာန်းချက်များ၊ ၂၀၁၈ခုနှစ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဉပဒေကို ပြင်ဆင်သည့် ဥပဒေ၊နည်းဉပဒေများအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားရယူ ရမည့် နည်းလမ်းများကိုလည်းကောင်း၊ ချင်းပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများကိုလည်းကောင်း ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့သည်။  ထို့နောက် ချင်းပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များက ကဏ္ဍအလိုက်ဆွေးနွေးကြရာ ဆွေးနွေးချက်များအပေါ် ချင်းပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

စာစုများ -