တီးတိန်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၊ ရုံးအဆောက်အဦသစ် တည်ဆောက်မှုလုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီး

                စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်(ခွဲ)၊ ရုံးအဆောက်အဦသစ် တည်ဆောက်မှုလုပ်ငန်းကို ဇွန် ၁၈ ရက်ယနေ့တွင် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ ရုံးအဆောက်အဦသည် အတိုင်းအတာ(၄၀ပေ × ၂၄ပေ × ၂၂ပေ)ရှိ RCC နှစ်ထပ်ဖြစ်ပြီး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၇၈ ဒသမ ၀၀ သန်းဖြင့် ၂၃.၁. ၂၀၂၀ရက်မှစတင်၍ Ka Zaitha ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သည်။ ယခုတွင် သတ်မှတ်ထားသည့် ဇွန်လကုန်တွင် လုပ်ငန်းအားလုံး​ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း တီးတိန်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်(ခွဲ)ရုံး၊ မြို့နယ်မန်နေဂျာ ဦးထောင်းခမ်ထံမှ သိရသည်။

စာစုများ -