ထန်တလန်မြို့တွင် နေအိမ်ပြင်ပထွက်ပါက နှာခေါင်းစည်း (Mask)မဖြစ်မနေတပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိ

                 ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွါပါက နှာခေါင်းစည်း (mask) များတပ်ဆင်ပြီးသွားလာကြရန်နှင့် ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထား​သော ညွှန်ကြားချက်များကို အ​လေးထားလိုက်နာ​ဆောင်ရွက်ကြရန်အတွက် ယနေ့နံနက်က ထန်တလန်မြို့ပေါ်ရှိ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင် ကြပ်မတ်ဆောင်ရွက်လျက်ရှိ​ကြောင်းသိရသည်။ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုံ့ပြန်​ရေးကာလအတွင်း ပြည်သူများ​နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းမပြူကြရန်နှင့် မဖြစ်မနေ မိမိနေအိမ်ပြင်ပထွက်ခွါပါက အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) တပ်ဆင်ပြီးထွက်ရန်၊ တပ်ဆင်ခြင်းမရှိပါက နှာခေါင်းစည်း (mask) တစ်ခုကို ငါးရာကျပ်ဖြင့် ဝယ်ယူတပ်ဆင်ခြင်းနိုင်​ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က နေအိမ်ပြင်ပထွက်သည့် ပြည်သူတိုင်းကို နှာခေါင်းစည်း (mask)တပ်ဆင်သည့်အလေ့အထဖြစ်စေရေးအတွက် နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စာစုများ -