ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေး(၁/၂၀၂၀) ပထမနေ့ စတင်ကျင်းပ

             ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေး(၁/၂၀၂၀)ပထမနေ့ကို ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပရာ  ပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဉီးဇိုဘွဲ ၊ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၃)ဉီးတက်​ရောက်ကြသည်။  အစည်းအဝေးတွင် မတူပီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးအောင်လျန်က ၂၀၁၉−၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင်ဝဉချေးငွေထုတ်ချေးပေးထားသကဲ့သို့ ၂၀၂၀−၂၀၂၁ ခု ၊ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်သူများ ဝဉချေးငွေ ရရှိရေး အစီအစဉ်ရှိ၊ မရှိသိရှိလိုသောမေးခွန်းမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဉီးစိုးထက်က ချင်းပြည်နယ်အတွင်းရှိ ဝဉစိုက်တောင်သူများအတွက် စိုက်ပျိုးရေးဉီးစီးဌာနမှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဝဉမျိုးစေ့ပိဿာ(၄၂၄၂၃)ပိသာကိုမြို့နယ်(၉)မြို့နယ်သို့ဖြန့်ဖြူးပေးခဲ့ကြောင်း ၊ ၂၀၂၀ − ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်းဝဉမျိုးစေ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် စိုက်ပျိုးရေးဉီးစီးဌာနမှ ပြည်နယ်ရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) တင်ပြတောင်းခံပြီးဖြစ်၍ ရန်ပုံငွေရရှိပါက ရန်ပုံငွေရရှိမှုအပေါ်မူ တည်၍ ဝဉမျိုးစေ့ဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၀−၂၀၂၁ခုနှစ်တွင် ဝဉစိုက်တောင်သူများ ချေးငွေရရှိနိုင်ရေးအတွက် ချင်းပြည်နယ် MSME Agency နှင့် ချင်းပြည်နယ်စက်မှုလက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဉီးစီးဌာနတို့မှ မြို့နယ်(၉)မြို့နယ်တွင် တစ်မြို့နယ်လျှင် ကျပ်သိန်း (၁၅၀၀)နှုန်းဖြင့် မြို့နယ်(၉)မြို့နယ်အတွက် ကျပ်သိန်း (၁၃၅၀၀)အားဝဉစိုက်ပျိုး​တောင်သူများအတွက်လည်းကောင်း ၊ တွန်းဇံမြို့နယ်ဘိန်းအစားထိုးစိုက်ပျိုးနိုင်ရေးအတွက် ကျပ်သိန်း (၁၅၀၀)၊ မင်းတပ်မြို့နယ် ၊ ထင်ချောင်းကျေးရွာ ဝဉလွှာခြောက်စက်ရုံအတွက် ကျပ်သိန်း (၁၀၀၀) ၊ စုစုပေါင်းကျပ်သိန်း (၁၆၀၀၀) ထုတ်ချေးပေးနိုင်ရေး အတွက် လိုအပ်သည့်အချက်အလက်စာရွက်စာတမ်းများနှင့်အတူ MSME Development Bank နှင့်ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း ၊ ဝဉစိုက်တောင်သူများအတွက် ချေးငွေရရှိနိုင်ရေး ကို ချင်းပြည်နယ် MSME Agency နှင့် ချင်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဉီးစီးဌာန တို့မှ SME Development Bank ထံသို့ချေးငွေရရှိနိုင်ရေးထပ်မံညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေ ကြားခဲ့ပါသည်။  ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးအောင်လျန်က ချင်းပြည်နယ်အတွင်း သစ်(ပျဉ်) ကုန်ကြမ်း၊ ကုန်ချောတစ်နှစ်လျှင်တန်ချိန် မည်မျှ ထုတ်လုပ်နိုင်သည်၊ ပြည်နယ်အတွင်းနှင့် ပြည်နယ်ပြင်ပ သို့ မည်ကဲ့သို့ ထုတ်လုပ်ရောင်းချစီမံကွပ်ကဲသည်ကို သိရှိလိုသောမေးခွန်းအား ဆက်လက်မေးမြန်းရာ ပြည်နယ် စိုက်ပျိုးရေး ၊ မွေးမြူ​ရေး ၊ သစ်တောနှင့်သတ္တုဝန်ကြီးဉီးမာန်ဟင်းဒါလ်က ချင်းပြည်နယ်အတွင်းရှိ သစ်တော ကြိုးဝိုင်းများမှ သစ်များကို ကလေးသစ်ထုတ်ရေးဒေသမှ ၂၀၁၇−၂၀၁၈ ခုနှစ် သစ်ထုတ်ရာသီတွင် ကျွန်းတန်  (၇၀၀)နှင့် သစ်မာတန်(၆၆၁၅)တန်၊ ၂၀၁၈−၂၀၁၉ ခုနှစ် သစ်ထုတ်ရာသီတွင်  ကျွန်းတန်(၅၀၀)နှင့် သစ်မာတန် (၈၀၀၀)၊ ၂၀၁၉−၂၀၂၀ သစ်ထုတ်ရာသီတွင် ကျွန်းတန်(၅၀၀)တန်နှင့်သစ်မာတန် (၇၀၀၀) လျာထားထုတ် လုပ်ခဲ့ပါကြောင်း ၊ ချင်းပြည်နယ်အတွင်း တရားမဝင် သစ်များကို၂၀၁၈−၂၀၁၉ ခုနှစ် သစ်ထုတ်ရာသီတွင်  ကျွန်းတန်(၅၀၀)နှင့်သစ်မာတန် (၈၀၀၀)၊ ၂၀၁၉−၂၀၂၀ သစ်ထုတ်ရာသီတွင် ကျွန်းတန် (၅၀၀) တန်နှင့် သစ်မာတန် (၇၀၀၀) လျာထားထုတ် လုပ်ခဲ့ပါကြောင်း ၊ ချင်းပြည်နယ်အတွင်း တရားမဝင် သစ်များနှင့် ပတ်သက်၍ တရားစွဲဆိုခြင်းဆောင်ရွက်ပြီး တရားရုံးမှအမိန့်ချမှတ်၍ သစ်တောဉီးစီးဌာနသို့လွှဲပြောင်းပေး အပ်လာပါက ပုံစံ(၈)စာရင်းရေးသွင်းရပါကြောင်း ၊ မြန်မာ့သစ်လုပ်ငန်းသို့ လွှဲပြောင်းပေးအပ်ပါကြောင်းနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဉပဒေ ၊လုပ်ထုံးလုပ်နည်းနှင့်အညီအဆိုပါသစ်များအားလေလံတင်ရောင်းချပါကြောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သစ်ထုတ်လုပ်ရောင်းချမှုများကို စိစစ်ကွပ် ကဲဆောင်ရွက်လျက်ရှိပြီး တရားမဝင်ဖမ်းဆီးရမိသော ပုံစံ(၈)သစ်များမှာ သစ်အမျိုးအစားအပေါ်မူတည်၍ ရောင်းချသော ကြမ်းခင်းစျေးနှုန်းများ တူညီမှုမရှိခြင်းဖြစ်ပါကြောင်းနှင့်ချင်းပြည်နယ်အတွင်း သစ်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်ရည်ရွယ်၍ မြန်မာ့သစ်လုပ်ငန်းမှစော်ဘွားသစ်ဆိပ် ၊ ဂန့်ဂေါသစ်ဆိပ်များမှ ပြည်ထောင်စု ဝန်ကြီးဌာနမှ ခွင့်ပြုထားသည့်သစ်မာအုပ်စုများကို ဟားခါးမြို့တွင် လေလံစနစ်ဖြင့် (၁) နှစ်တင်ဒါခေါ်ယူ ဆောင်ရွက်နေပါသဖြင့် ဒေသခံများမှ တင်ဒါ/လေလံခေါ်ယူသည့်အခါ ဝင်ပြိုင်နိုင်ပါကြောင်းရှင်းလင်းဖြေ ကြားပါသည်။ ဆက်လက်၍ ချင်းပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့နှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များ စိစစ်ရေးကော်မတီတို့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သည့် တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ် စားလှယ် (ကြည်း ၆၆၅၉၀) ဗိုလ်အောင်ကျော်ထက်အစား (ကြည်း ၄၈၁၈၀) ဗိုလ်ကြီးခိုင်လွင်ထူးအား အဖွဲ့ဝင်အဖြစ်အစားထိုးတာဝန်ပေးအပ်ခြင်းဆောင်ရွက်သည်။ ထိုနောက် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဉီးဝီကောက ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေသုံးစွဲရေး ဉပဒေကြမ်းကို တင်သွင်းရာ ပြည်နယ်လွှတ်တော်ဉက္ကဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာသည်။ ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးဗန်ထောင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများအကြားချုပ်ဆိုထားသော စာချုပ်ပါ အဓိကအချက်အလက် များအား လုပ်ငန်းဆောင်ရွက်ရာတွင် ပြီးပြည့်စုံစွာ အောင်မြင်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြီး ကြပ်မှုတာဝန်ယူရသော လွှတ်တော်ကိုယ်စားလှယ်များ ၊ သက်ဆိုင်ရာဌာနများနှင့် ခရိုင် ၊ မြို့နယ် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အသိပေးရေး ချင်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဉီးအောင်လျန်က ထောက်ခံဆွေးနွေးပြီး လွှတ်တော်ဉက္ကဌက ယင်းအဆို အားဆွေး​နွေးရန် လွှတ်တော်၏သဘောထားရယူရာ ဆွေးနွေးရန်သဘောတူသည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာကာ အစည်းအဝေးကို နံနက် ၁၁ နာရီတွင်ရပ်နားခဲ့သည်။ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေး (၁/၂၀၂၀) ဒုတိယနေ့ကို ဇွန် ၁၉ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

စာစုများ -