၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၀)ဟားခါး၌ ကျင်းပ

               ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ၂၀၂၀ ပြည့်နှစ် ၊ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၀) ကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဉီးအုပ်နောလ်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။  ရှေးဉီးစွာ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဉီးအုပ်နောလ်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများစနစ်တကျပြုစုထားရှိနိုင်ရေးနှင့် နိုင်ငံရပ်ခြားမှ ပြည်နယ်အတွင်းသို့ပြန်လည်ဝင်ရောက်လာကြမည့်သူများမဲဆန္ဒရှင်စာရင်းတွင်ပါရှိနိုင်ရေးနှင့်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြည်နယ်အတွင်းလျာထားသည့်မဲရုံစာရင်းများ ကြိုတင်ပြုစုဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြရန်အဖွင့်အမှာစကားပြောကြားသည်။  ထို့နောက် ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဉီးလင်းကျော်က ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုထားရှိမှုအခြေအနေ၊ ချင်းပြည်နယ်အတွင်း မဲဆန္ဒနယ်မြေများ လျာထားသတ်မှတ်နိုင်ရေး တင်ပြထားရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေး ပြီးနောက်တက်ရောက်လာကြသည့်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဉီးအုပ်နောလ်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းများကိုစနစ်တကျစီမံဆောင်ရွက်သွားရန်နှင့်လွတ်လပ်မှု၊ တရားမျှတမှု ပွင့်လင်းမြင်သာမှုတို့နှင့်အတူပြည်သူ့ဆန္ဒနှင့်အညီ စံပြဆောင်ရွက်နိုင်ရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

စာစုများ -