ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွေ့ရောက်ရှိနေသည့် COVID-19 ရောဂါလူနာ(၂)ဉီးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးကထောက်ပံ့ငွေများ ပေးအပ်

               ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးသို့ COVID-19 ​ရောဂါနှင့်ပတ်သက်၍ ဆေးကုသမှုခံယူရန် ထန်တလန်မြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွေ့ရောက်ရှိနေသည့် လူနာအမှတ် (၁၈၂) နှင့် မင်းတပ်မြို့ ပြည်သူ့ဆေး ရုံမှပြောင်းရွေ့ရောက်ရှိနေသည့် လူနာအမှတ် (၃၂၃) တို့ ၂ ဉီးအား ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန်က ယနေ့မွန်းလွဲ ၂ နာရီအချိန်တွင် ဟားခါးမြို့ပြည်သူ့ဆေးရုံကြီး၌သွားရောက်ပြီး တယ်လီဖုန်းဖြင့်အားပေးစကားများပြောကြားကာ တစ်ဉီးလျှင်ထောက်ပံ့ငွေကျပ် ငါးသောင်းစီ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။ ဟားခါးမြို့ပြည်သူ့ဆေးရုံတွင်တက်ရောက်၍ စောင်ကြပ်ကြည့်ရှုမှုခံယူနေသည့်လူနာ(၂)ဉီးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး၄င်းတို့အား ပြည်နယ်လူမှုရေးဝန်ကြီးက စိတ်ဓာတ်မြင့်မားစေရေး၊ ဆေးရုံတက်ရောက် ကုသမှုခံယူနေစဉ်အတွင်းလိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် အားပေးစကားသွားရောက်ပြောကြားပြီးနောက် ထောက်ပံ့ငွေကျပ် ၅ သောင်းစီကို ဆေးရုံအုပ်ကြီးဒေါက်တာဇင်ကိုကိုအောင်က တစ်ဆင့်ပေးအပ်ခဲ့ပြီး ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသည့် လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ကြောင်းသိရှိရသည်။

စာစုများ -