ချင်းပြည်နယ် ကျီခါးမြို့၌ Facility Quarantine ထားရှိသူများအား ချင်းပြည်နယ်လူမှုရေး၀န်ကြီးမှ သွားရောက်၍ နှစ်သိမ့်အားပေး

            ချင်းပြည်နယ်အစိုးရအဖွဲ့၀င် လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန်သည် ယနေ့နံနက် (၉)နာရီအချိန်က ကျီခါးမြို့  မိုးလုံလေလုံအားကစားခန်းမသို့ရောက်ရှိပြီး Facility Quarantine ထားရှိသည့် အိန္ဒိယမှ ပြန်လည်ရောက်ရှိလာသူများအား အားပေးနှစ်သိမ့်ခဲ့ကြောင်းသိရသည်။ ကျီးခါးမြို့တွင် အိန္ဒိယနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ပြီး နေရပ်သို့ပြန်လည်ရောက်ရှိ လာသူ(၁၀) ဦးကို ဇွန်လ (၂၀)ရက်နေ့မှ စတင်၍ ကျီခါးမြို့ မိုးလုံလေလုံအားကစားခန်းမတွင် ချင်းပြည်နယ် COVID_19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကြီးကြပ်ကန့်သတ်ထားရှိရာ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အတူ တာဝန်ရှိသူများက သွားရောက်၍ တစ်ဦးလျှင်ငွေ ကျပ်၅၀၀၀ တန် ငွေဖြည့်ကဒ်တကဒ်နှုန်း လက်ဆောင်ပေး၍Facility Quarantine နေစဉ်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်းနေထိုင်နိုင်ရန်နှင့်ကျန်းမာရေးစောင့်ရှောက်မှုနှင့်အတူ လိုအပ်သော အခြားဝန်ဆောင်မှု လုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်စေရေး စောင့်ကြပ်ကြည့်ရှုသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်စေရေး အားပေးနှစ်သိမ့် စကားပြောကြားခဲ့ကြောင်းသိရသည်။

စာစုများ -