တီးတိန်မြို့၌ သုံးမြွှာပူးကလေးများအား ထောက်ပံ့ငွေ​​ပေးအပ်

                ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ မွေးဖွားသောသုံးမြွှာပူးကလေးများအား ယနေ့နေ့လည်၁၁နာရီက လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ကြောင်းသိရသည်။  ထိုသို့ထောက်ပံ့ရာတွင် ထောက်ပံ့ငွေကျပ်ငါးသိန်းအား ချင်းပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်က ပေးအပ်သည်။ အဆိုပါသုံးမြွှာပူးကလေးများသည် ဇွန်လ၂၃ရက်နေ့တွင် တီးတန်မြို့ပြည်သူ့ဆေးရုံ၌ သားဖွားမီးယပ်အထူးကုဒေါက်တာဒေါ်မိမိုးမိုးက မွေးပေးသော တီးတိန်မြို့နယ်ကျီးပီးကွက်ကျေးရွာနေ ဦးငင့်ဆွင်းလျန်းနှင့်ဒေါ်နဲမ်းခန့်ဟွဲတို့မှ မွေးဖွားသော သားသုံးမြွှာပူးများဖြစ်ကြောင်းသိရသည်။

စာစုများ -