ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆောက်အဦသစ်တည်ဆောက်မှု ကြည့်ရှုစစ်ဆေး

                ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပူဂင့်ကမ်းလျန်းနှင့် ပီကျိန်ငိုက်မန်တို့သည် ယနေ့ နံနက် ၁၀ နာရီကတီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အဆောက်အဦသစ် တည်ဆောက်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။ အဆိုပါ အဆောက်အဦသည် (၁၄၀×၃၄)ပေ၊ RCC (၂)ထပ်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခွင့်ပြုရန်ပုံငွေ ကျပ် ၃၈၄ ဒသမ ၃၂၇ သန်းဖြင့်Equal Contruction & DecorationCo.Ltd.မှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယခုတွင်လုပ်ငန်းအားလုံး၏ ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။ ယခုနှစ် စက်တင်ဘာလကုန်တွင် လုပ်ငန်းအားလုံး သတ်မှတ်စံနှုန်းနှင့် အချိန်မီ ပြီးစီးနိုင်ရန် လူမှုရေးဝန်ကြီးမှ ညှိနှိုင်းလမ်းညွှန် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

စာစုများ -