ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်နှင့် အာဖရိကဝက်အပြင်းဖျားရောဂါဆိုင်ရာ သင်တန်းပို့ချပေးခြင်းနှင့် ကြက်များအား ကြက်လည်လိမ်ရောဂါ ကာကွယ်ဆေး မျက်စဉ်းခတ်ပေးခြင်း

               ဖလမ်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်လင်းသည်(၂၁.၆.၂၀၂၀) ရက်နေ့ တွင် ဖလမ်းမြို့နယ်၊ ရဲလ်ဆင်းကျေးရွာတွင် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်( GAHP)နှင့် အာဖရိကဝက်အပြင်းဖျားရောဂါ(ASF)ဆိုင်ရာ ပညာပေးသင်တန်းပို့ချပေးခြင်းနှင့် ကျေးရွာအတွင်းရှိ ဒေသကြက်များအား  ကြက်လည်လိမ်ရောဂါ ကာကွယ်ဆေး(I2) မျက်စဉ်းခတ်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းအားဖြင့် တစ်ပိုင်တစ်နိုင်တိရစ္ဆာန်မွေးမြူသူများအတွက် အရည်အသွေး ကောင်းမွန်သော တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်ယူရရှိခြင်း၊ စားသုံးသူဘေးကင်းလုံခြုံခြင်း၊ ခြံများတွင် ဇီဝလုံခြုံမှု ကောင်းမွန်လာပြီး တိရစ္ဆာန်အချင်းချင်း ကူးစက်ရောဂါဖြစ်ပွားမှု လျော့နည်းလာခြင်း၊  တိရစ္ဆာန်များ သက်သာ ချောင်ချိရေးလိုက်နာဆောင်ရွက်လာခြင်း၊ ထုတ်လုပ်မှုတိုးတက်လာပြီး ဝင်ငွေပိုမိုရရှိလာခြင်း ကျေးလက် နေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့ချပြီးမိသားစုဝင်ငွေ တိုးတက်လာခြင်း၊  မွေးမြူရေး အသိပညာများ တိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ပါသည်။

ဖလမ်းမြို့နယ်ဦးစီးမှူးမှ ဖလမ်းမြို့နယ်၊ရဲလ်ဆင်းကျေးရွာတွင် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်( GAHP)နှင့် အာဖရိက ဝက်အပြင်းဖျားရောဂါ(ASF)ဆိုင်ရာ ပညာပေးသင်တန်းပို့ချပေးခြင်း

မြို့နယ်ဦးစီးမှူးမှ ကျေးရွာအတွင်းရှိ ဒေသကြက်များအား  ကြက်လည်လိမ်ရောဂါ ကာကွယ်ဆေး(I2) မျက်စဉ်းခတ်ပေးခြင်းအား လက်တွေ့ပြသခြင်း

သင်တန်းတက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းခြင်း

စာစုများ -