ဟားခါးမြိို့နယ် ရဲတပ်ဖွဲ့ မြို့မစခန်းမှူးနှင့်တာဝန်ရှိသူများ မြို့အဝင်ဂိတ်များတွင် စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

           ချင်းပြည်နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း  ဟားခါးမြို့သို့ ဝင်ရောက်လာသူများ အားလုံးကို ဟားခါး-ဂန့်ဂေါလမ်းရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်၊ ဟားခါး-ဖလမ်းလမ်းပေါ်ရှိ ဟားခါးထာရ် စစ်ဆေးရေးဂိတ်နှင့် ဟားခါး-မတူပီ လမ်းပေါ်ရှိ လုံခြုံရေး စစ်ဆေးရေးဂိတ်(၃) နေရာတွင် အထူးကြပ်မတ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်က ဟားခါးမြို့နယ်ရဲတပ်ဖွဲ့၊မြို့မစခန်းမှူး ဒုတိယရဲမှူး မျိုးဝင်းလှိုင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဟားခါး-ဖလမ်းလမ်းပေါ်ရှိ၊ဟာခါးထာရ်ခြောက်လမ်းဆုံ စစ်ဆေးရေးဂိတ်မှနေ၍ ဟားခါးမြို့သို့ ဝင်ရောက် လာသူများအားလုံးကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။  ဟားခါးမြို့နယ်အနေဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သည့် အဖွဲ့များ ဖွဲ့စည်း၍ မြို့အဝင်ဂိတ်များတွင်စနစ်တကျ စောင့်ကြပ်ပေးလျက်ရှိပြီး ကျန်းမာရေးစစ်ဆေးမှုများအပါအဝင် အခြားသောဝန်ဆောင်မှုလုပ်ငန်းများကိုလည်း အရပ်ဖက်လူမှု အဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် COVID-19   ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကောမတီ ဥက္ကဋ္ဌ ဦးမြင့်ဦးထံမှ သိရှိရပါသည်။

စာစုများ -