ဟားခါးမြို့ပေါ်တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းမရှိဘဲ ပြင်ပထွက်ရှိသူ ၅၃ဦးကို မြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီက အရေးယူဆောင်ရွက်

                           ချင်းပြည်နယ် ဟားခါးမြို့တွင် Coronavirus Disease 2019(COVID-19) ကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း  ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပမထွက်ကြရန်နှင့် နေအိမ်ပြင်ပထွက်ပါက နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်အသုံးပြုရန်၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည့် ကျန်းမာရေးလမ်းညွှန်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေး ဟားခါးမြို့နယ်COVID-19 ​ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီက လိုက်လံအသိပေး နိူးဆော်ခြင်းနှင့်အတူ စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၅ရက်နေ့တွင် လိုက်နာ ဆောင်ရွက်ခြင်းမရှိသည့်သူ ၅၃ဦးကို  မြို့နယ် COVID-19 ​ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီက စစ်ဆေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကူးစက်ရောဂါများနှိမ်နှင်းရေးဉပဒေပုဒ်မ (၁၅)ဖြင့် တရားစွဲအရေးယူခဲ့ကြောင်းသိရသည်။ ချင်းပြည်နယ် ဟားခါးမြို့အတွင်း ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင်  မြို့နယ် COVID-19 ​ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ လမ်းဆုံနေရာများတွင် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့်အတူ လိုက်နာဆောင်ရွက်ခြင်းမရှိသည့် သူများကို ဖမ်းဆီးအရေးယူ ခဲ့ခြင်းဖြစ်တယ်လို့  မြို့နယ် COVID-19 ​ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဉက္ကဌ ဦးမြင့်ဦး၏ ပြောကြားချက်အရသိရသည်။ Coronavirus Disease 2019(COVID-19)နှင့်ပတ်သက်၍ ဒေသခံပြည်သူများ အလေးထား နေထိုင်မှုလျော့ကျမသွားစေဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အတူ ချင်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာ ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန်နှင့် ပညာပေး နှိုးဆော်သည့်လုပ်ငန်းများနှင့်အတူ စစ်ဆေးအရေးယူမှုများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ်  COVID-19 ​ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

စာစုများ -