တီးတိန်မြို့၌ ကော်ဖီပျိုးပင်များ အခမဲ့ဖြန့်ဖြူး

                      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ပျိုးထောင်ထားသည့် အာရဗီကာကော်ဖီပျိုးပင်များ ယနေ့တွင် တောင်သူများထံသို့ အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ "ကော်ဖီမျိုးစေ့များကို ပြင်ဦးလွင်မှတဆင့်မှာပြီး ကျွန်တော်တို့စိုက်ပျိုးရေးရုံးပျိုးခင်းမှာ ပျိုးထောင်ထားပါတယ်၊ ယခုမိုးရာသီမှာစိုက်ပျိုးဖို့ တောင်သူများထံသို့ အခမဲ့ဖြန်း​ဖြူးပေးပါတယ်၊ ယနေ့တွင် ပျိုးပင် ၃၀၀၀ ဖြန်းဖြူးပါတယ်၊ ဆက်လက်၍ ပျိုးပင် နှစ်သောင်းခန့် ဖြန့်​ဖြူးပေးရန် ရှိပါတယ်"ဟု တီးတိန်မြို့နယ် စိုက်ပျိုးရေးရုံးမှ ဒုတိယဦးစီးမှူး ဦးဇွန်းနေးထန်က ပြောသည်။ တီးတိန်မြို့နယ်တွင် တစ်ပိုင်တစ်နိုင်ကော်ဖီစိုက်တောင်သူများသာရှိ၍  စီးပွားဖြစ်အတွက် စိုက်ပျိုးသူ နည်းနေသေးကြောင်းသိရသည်။

စာစုများ -