ရိခေါ်ဒါရ်မြို့ရှိ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဆောင်ရွက်

             ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျှက်ရှိသည့် ဒေသဖွံ့ဖြိုးတိုးတက်​ရေးလုပ်ငန်းဆောင်ရွက်မှုများတွင် သတ်မှတ်အမျိုးအစား၊ အတိုင်း အတာ၊ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးဆောင်ရွက်နိုင်ရေး အတွက် ရိခေါ်ဒါရ် မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့စည်ပင်သာယာရေးကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များမှ ဇွန် ၂၅ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုများကွင်းဆင်းဆောင်ရွက်ရာတွင် ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက် သောက်သုံးရေသွယ်ယူရေးလုပ်ငန်းဆောင်ရွက်မှု၊ ရိပြည်ထောင်စုရိပ်သာလမ်း ကွန်ကရစ်ခင်းကျင်းဆောင်ရွက်မှု၊ ရိရေကန်သွားလမ်း မြေထိန်းနံရံ တည်ဆောက်မှု၊ ရိရေကန်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်မှု၊ ရိရေကန် View Point အသစ်အကောင်အထည်ဖော်ရန် နေရာရှာဖွေထားရှိမှု၊ ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ဆက်သွယ်ထားသည့် ဗိုလ်ချုပ်လမ်းတာချဲ့ခြင်းလုပ်ငန်းဆောင်ရွက်မှု၊ မီးသတ်ဦးစီးဌာန (၄)ခန်းတွဲနှစ်ထပ်ဆောက်အဦး​ဆောက်လုပ်ထားရှိမှု၊ ရိခေါ်ဒါရ်တိုက်နယ် ဆေးရုံ တိုးချဲ့လူနာဆောင်၊ ဓာတ်မှန်ခန်းနှင့် (၄)ခန်းတွဲနှစ်ထပ်ဝန်ထမ်းအိမ်ယာဆောက်လုပ်မှု နှင့် ရိခေါ်ဒါရ်မြို့ရှုခင်း View Point အကောင်အထည်ဖော်ရန် နေရာရှာဖွေမှု စသည့်လုပ်ငန်း (၁၀)ခုဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်မှုအပေါ် အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးဆောင်ရွက်နိုင်ရေး၊ လုပ်ငန်း လိုအပ်ချက်များနှင့် ထပ်မံဖြည့်ဆည်းရမည့်လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးသည့် ဌာနများ၊ ကုမ္ပဏီများနှင့်အလုပ်သမား များအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ရာတွင် ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်အတွင်း လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အမှတ်(၂)ရပ်ကွက်အတွင်း လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စာစုများ -