တီးတိန်၌ သံသယလူနာတစ်ဦး သေဆုံး၍ နေ့ချင်းပြီး မြေမြှုပ်သင်္ဂြိုလ်

           ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဒိမ်ပီးကျေးရွာနေ (အဘ)ဦးဝုန်ထျန်းပေါင်၏သား ဂင့်ထျန်းခုပ် (၃၂)နှစ်သည် အိန္ဒိယနိုင်ငံမှ ပြန်လာပြီး အဆိုပါကျေးရွာ၌ Facility Quarantine ခံယူနေစဥ် ကျန်းမာရေး အခြေအနေကြောင့်  တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရာ ယနေ့နံနက်
၉နာရီက သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ သံသယလူနာ အဖြစ်သတ်မှတ်ပြီး သူ့ Swab ကိုလည်းရန်ကုန်မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(​ဝေဘာဂီ)ဆေးရုံသို့ ပို့ထားကြောင်း တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံအုပ်ဒေါက်တာဇော်မြင့်နိုင်က ပြောသည်။ သေဆုံးသူ၏ ရုပ်အလောင်းအား
ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်၊ ထိန်းချုပ်ရေး မြို့နယ်အဆင့်ကော်မတီဝင်များ၊ ပြည်သူ့ဆေးရုံမှ ဆရာဝန်၊ ဆရာမများနှင့်လူငယ်အဖွဲ့ အစည်းမှ စေတနာ့ဝန်ထမ်းများက တာဝန်ယူ၍ တီးတိန်မြို့ CMBCသင်္ချိုင်း၌ နေ့ချင်းပြီး မြေမြှုပ်သင်္ဂြိုလ် ခဲ့ကြကြောင်းသိရသည်။

စာစုများ -