ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနအတွင်းဝန်ထမ်းများအား သန့်ရှင်းသောသောက်သုံးရေရရှိစေရေး သောက်သုံးရေသန့်စက်လှူဒါန်း

                     ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိမိဌာနအတွင်းဝန်ထမ်းများအား သန့်ရှင်းသော သောက်သုံးရေရရှိစေရေး ရည်ရွယ်၍သောက်သုံးရေသန့်စက်လှူဒါန်းခြင်းနှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉နာရီ အချိန်က ဟားခါးမြို့ ၊ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပရာ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် ဌာနအတွင်းမှ အရာထမ်း၊အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက လတ်တလောဖြစ်ပေါ်လျက်ရှိသော COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ဌာနတွင်းဝန်ထမ်းများအား သန့်ရှင်းသော သောက်သုံးရေရရှိစေရေး ရေသန့်စက်တပ်ဆင် လှူဒါန်းပေးရခြင်း နှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် ညွှန်ကြားရေးမှူးများက ရေသန့်စက်ဖွင့်လှစ်ခြင်းအထိမ်းအမှတ် အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းကာ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါရေသန့်စက်ကို ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိမိဌာနအတွင်း ဝန်ထမ်းများအားလုံးသောက်သုံးနိုင်ရန်အတွက် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများက စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ငွေကျပ်တန်ဖိုး(၁၅)သိန်း ရှိကြောင်းသိရှိရသည်။

စာစုများ -