ဟားခါးမြို့နယ် ဒါအိုချိန်းကျေးရွာအုပ်စု အိုင်ဗဲကျေးရွာတွင်မီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်တစ်လုံးမီးလောင် ဆုံးရှုံးမှုဖြစ်ပွား

         ချင်းပြည်နယ် ဟားခါးမြို့နယ် ဒါအိုချိန်းကျေးရွာအုပ်စု အိုင်ဗဲကျေးရွာနေ ဦးထန်ကြည်သည် ဇွန်လ ၂၈ ရက်နေ့ ညနေ ၃နာရီခွဲအချိန်တွင် နေအိမ်မှ အပြင်သွားနေခိုက် နေအိမ်ရှိ မီးကြွင်း မီးကျန်မှ တစ်ဆင့် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ရာ ကျေးရွာရှိအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်နေပြည်သူများဝိုင်းဝန်းငြိမ်းသတ်ခဲ့ခြင်းကြောင့် ညနေ၄ နာရီ အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရှိရသည်။အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဦးထန်ကြည် ၊အဘ ဦးချာနောလ် ၏ သွပ်မိုး၊သွပ်ကာ၊ပျဉ်ခင်း နေအိမ်တစ်လုံးဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း၊ မီးကိုပေါ့ဆစွာအသုံးပြုခဲ့သူ ဦးထန်ကြည်အား ဟားခါးမြို့မ ရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရပါသည်။

စာစုများ -