ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ရုံးတွင် လစ်လပ်ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကျင်းပနေမှုအား ပြည်နယ်လူမှုရေးဝန်ကြီးမှ လှည့်လည်ကြည့်ရှု

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ချင်းပြည်နယ်ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူး နေရာနှင့် ပစ္စည်းထိန်း(၅) ရာထူးနေရာ များအတွက် လျှောက်ထားလာသူများအား ရေးဖြေစာမေးပွဲ စစ်ဆေးခြင်းကို ယနေ့နံနက်၉:၀၀ နာရီအချိန်က ချင်းပြည်နယ်၊ ဟားခါးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ နှင်းဆီဆောင်၌ ကျင်းပပြုလုပ်ရာ စာမေးပွဲ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရပါသည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ချင်းပြည်နယ်ရုံးတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက်ချင်းပြည်နယ်အတွင်းမှ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း(၅၈)ဦးထိရှိခဲ့ပြီး အငယ်တန်းစာရေးရာထူး နေရာ လစ်လပ်(၆)နေရာအတွက် လျှောက်ထားသူ (၆၂)ဦး၊ဖြေဆိုသူ (၄၇)ဦးနှင့်ပစ္စည်းထိန်း(၅) ရာထူး လစ်လပ် (၁)နေရာအတွက်လျှောက်ထားသူ(၂၃)ဦး၊ ဖြေဆိုသူ (၁၁)ဦးရှိကြောင်း၊ ရေးဖြေစာမေးပွဲ လာရောက် ဖြေဆိုသူများအားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားသော ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စာမေးပွဲကြီးကြပ်မှုကော်မတီကစနစ်တကျစီစဉ်ဆောင်ရွက်ခဲ့ကြောင်း ချင်းပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်း၏ ပြောပြချက်အရ သိရှိရပြီး လူတွေ့စစ်ဆေးခြင်းများကို ဇူလိုင်လ ၁ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ညွှန်ကြားချက် နှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

စာစုများ -