COVID-19ရောဂါ Case-182မှာ (၂)ကြိမ်ဆက်တိုက်ရောဂါပိုး မတွေ့ရှိတော့သဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ပြု

                  ချင်းပြည်နယ် ထန်တလန်မြို့နယ်မှ COVID-19 ရောဂါပိုး တွေ့ရှိသူ (Case-182) အမျိုးသားအား ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးသို့ ကြီးကြပ်ကန့်သတ်၍ ဆေးကုသမှု ခံယူနေရာမှ  (၆)ကြိမ်မြောက်နှင့် (၇)ကြိမ်မြောက် ဓာတ်ခွဲ စစ်ဆေးမှုတွင် (၂)ကြိမ်ဆက်တိုက်  ရောဂါပိုး မတွေ့ရှိရတော့သဖြင့် ယနေ့မွန်းတည့် ၁၂နာရီအချိန်၌ ဆေးရုံမှ ဆင်းခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမျိုးသား(အသက်-၃၂နှစ်)အား ဟားခါးမြို့ ပြည်သူ့ဆေးရုံမှဆင်း၍ ထန်တလန်မြို့နယ်၊ ဖန်ထင်ကျေးရွာရှိ၄င်းနေအိမ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများက သီးသန့်မော်တော်ယာဉ်ဖြင့်  ပြောင်းရွေ့ ပို့ဆောင်ပေးခဲ့ရာ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟားခါးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံကာ အားပေးစကားများပြောကြားပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြ ပါသည်။ အဆိုပါ (Case-182) အမျိုးသား(အသက်-၃၂နှစ်)မှာ မလေးရှားနိုင်ငံမှ ပြန်လာသူဖြစ်ပြီး ထန်တလန်မြို့၊ ပြည်သူ့ဆေးရုံတွင် Facility Quarantineထားရှိပြီး စောင့်ကြပ်ကုသမှုခံယူနေရာမှ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) NHLမှ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရသူဖြစ်ပြီး မေလ ၁၆ရက်နေ့တွင် ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွေ့၍ ဆေးကုသမှု ခံယူရာ ဆေးရုံတက်ရောက်ကုသနေစဉ်အချိန်မှစ၍ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး (၆)ကြိမ်မြောက် နှင့်(၇)ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးမှုတွင် (၂)ကြိမ်ဆက်တိုက်  ရောဂါပိုး မတွေ့ရှိရတော့ သဖြင့် ယနေ့မွန်းတည့် ၁၂နာရီအချိန်၌ ဆေးရုံက ဆင်းခွင့်ရပြီး ထန်တလန်မြို့နယ်၊ ဖန်ထင်ကျေးရွာရှိ ၄င်းနေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်ထားရှိမည် ဖြစ်ကြောင်း၊ လက်ရှိ၌လည်း ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး အားငယ်စိတ် မဖြစ်ပေါ်စေရေး ပြည်နယ်လူမှုရေးဝန်ကြီး နှင့်တာဝန်ရှိသူ များက စိတ်ဓာတ်မြှင့်တင် အားပေးခဲ့ကြကြောင်း သိရှိရသည်။

စာစုများ -