ချင်းပြည်နယ်မီးသတ်ဉီးစီးဌာနမှ ဟားခါးမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အရန်မီးသတ်ဝတ်စုံ (၂၈၀)စုံပေးအပ်

              ချင်းပြည်နယ်မီးသတ်ဉီးစီးဌာနမှ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူထားသော အရန်မီးသတ် ဝတ်စုံ ၂၈၀ စုံကို ချင်းပြည်နယ် မီးသတ်ဉီးစီးမှူးရုံးမှ ဟားခါးမြို့နယ်အတွက် ခွဲဝေထုတ်ပေးထားသော အရန်မီးသတ်ဝတ်စုံပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန စုပေါင်းရုံး ခန်းမ၌ကျင်းပသည်။  အခမ်းအနားတွင် ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူးဉီးမြင့်ဉီး ၊ ဟားခါးမြို့နယ်မီးသတ်ဉီးစီးမှူး ဉီးသျှန်နွန် မောင်နှင့်တာဝန်ရှိသူများက ဟားခါးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အသုံးပြုနိုင်ရန်အတွက်  အရန်မီးသတ်ဝတ်စုံ ၂၈၀ စုံကိုပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာများရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြကြောင်းသိရှိရသည်။

စာစုများ -