ဟားခါးမြို့၊ မြို့ပြစီမံကိန်း ဧက(၆၇၆)ဧရိယာအတွင်းရှိ မြေကွက်များ ပြည်သူများထံ ပေးအပ်သည့်အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

              ဟားခါးမြို့၊မြို့ပြစီမံကိန်း ဧက(၆၇၆)ဧရိယာအတွင်းရှိ မြေကွက်များအား ပြည်သူများထံ မြေနေရာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က ဟားခါးမြို့၊မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်တက်ရောက်၍အမှာစကား ပြောကြား ခဲ့ကြောင်းသိရှိရသည်။ဆက်လက်၍ မြို့ပြစီမံကိန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က မြို့ပြစီမံကိန်းဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း၊ မြေကွက်ချထားရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက မြေကွက်နေရာချထားရေးဆိုင်ရာများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီးနောက် မြေကွက်ချထားရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို မြို့မိမြို့ဖ ဦးအုပ်နောလ်က ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ မြေနေရာချထားရေးကို ပေ(၁၀၀)ပတ်လည်၊ပေ(၈၀)ပတ်လည်၊ပေ(၈၀×၆၀)၊ ပေ(၆၀×၄၀)ဖြင့် အတန်းအစားလေးမျိုးသတ်မှတ်ပြီး ကော်မတီ၏ သတ်မှတ်နှုန်းထားဖြင့် ဦးစားပေး အဆင့်အလိုက် မဲစနစ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန်လ ၁ရက်နေ့မှ ဇွန်လ ၃ရက်နေ့အထိ ယခုအကြိမ်တွင် အိမ်ထောင်စု ၄၃၇စုအတွက် ပထမအကြိမ် မြေနေရာချထားပေးခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ မြေနေရာမရှိကြသည့် အိမ်ထောင်စုဝင်များအား မြေနေရာများထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း မြေကွက်ချထားရေးကော်မတီထံမှ သိရှိရသည်။

စာစုများ -