ချင်းပြည်နယ်အတွင်း ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ၄/၂၀၂၀ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်

              ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ချင်းပြည်နယ်အတွင်း ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ၄/၂၀၂၀ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁နာရီအချိန်က ချင်းပြည်နယ်အစိုးရအဖွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ချင်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။  ရှေးဉီးစွာ ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ချင်းပြည်နယ်၏သဘာဝတောတောင်ရေမြေအလှတရားများနှင့် ပြည်နယ်အတွင်းထင်ရှားသည့် အထင်ကရနေရာများနှင့်အတူခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လာရောက်ကြသည့် ခရီးသွားပြည်သူများ အပန်းဖြေစိတ်ကျေနပ်မှုရှိစေရေးတို့အတွက် ကဏ္ဍအလိုက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သတ်၍ ဝိုင်းဝန်း ဆွေးနွေးကြရန်အဖွင့်အမှာစကားပြောကြားသည်။  ယင်းနောက် ချင်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ၊ ညွှန်ကြားရေးမှူးဉီးအောင်ဖြိုးက ချင်းပြည်နယ်အတွင်းရှိသည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့်အတူ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေး ၊ အလားတူခရီးသွားပြည်သူများတည်းခိုနေထိုင်ရေးအတွက် ဟိုတယ်ဇုံများနှင့်တည်းခိုနေထိုင်နိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာကြသည့်ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဒုတိယဥက္ကဌ၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဉီးစိုးထက်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ တင်ပြဆွေးနွေးမှုများအပေါ် ဒေသနှင့်ကိုက်ညီပြီးလက်ရှိအခြေအနေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ၊  COVID-19 ကာလအလွန် ချင်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ကုစားနိုင်ရေးတို့အတွက် ဆက်စပ်လျက်ရှိသော ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ကြ ရန် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

စာစုများ -