နှစ်ပေါင်း(၃၀)ကြာစုဆောင်းထားရှိသည့် ချင်းရိုးရာပစ္စည်းများနှင့်သမိုင်းမော်ကွန်းဝင်ဓာတ်ပုံများအား ဟားခါးမြို့ချင်းရိုးရာအိမ်တွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန်ပြသထားရှိ

             ချင်းပြည်နယ် ဟားခါးမြို့ ၊ စျေးသစ်ရပ်ကွက် ၊ တောင်ဇလပ်လမ်းတွင်နေထိုင်လျက်ရှိသော ဉီးသန်ကီးသည် ၄င်း၏အိမ်တွင် နှစ်ပေါင်း(၃၀)ကြာစုဆောင်းထားရှိသည့် ချင်းရိုးရာရှားပါးအသုံးအဆောင်ပစ္စည်းများနှင့် သမိုင်းမော်ကွန်းဝင်ဓာတ်ပုံများအား အများပြည်သူကြည့်ရှုလေ့လာနိုင်ရန်စုဆောင်းပြသထားရှိ ကြောင်းသိရှိ ရသည်။  ချင်းရိုးရာအိမ်ပြတိုက်တွင် နှစ်(၁၀၀)သက်တမ်းရှိသည့် ချင်းရိုးရာပစ္စည်းများ၊သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံများ၊ခေတ်အဆက်ဆက်ရိုးရာအမွေအနှစ်များ ၊ ရှားပါးတိရစာ္ဆန် များ၏ဉီးချိုများနှင့်ချင်းရိုးရာတူရိယာများ ၊ ရိုးရာအသုံးအဆောင်ပစ္စည်းများကို မပျောက်ပျက်အောင်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပြီး နောင်လာ နောင်သားများလေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ ချင်းရိုးရာအသုံး အဆောင်ပစ္စည်းအမျိုးပေါင်း(၁၀၀)ကျော်ကို ခင်းကျင်းပြသထားပြီး ဆက်လက်၍ချင်းရိုးရာအမွေအနှစ်များကို စုဆောင်းထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ချင်းရိုးရာအိမ်ပြတိုက်ပိုင်ရှင် ဉီးသန်ကီးကပြောကြားသည်။ ယခုအခါ COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ရိုးရာယဉ်ကျေးမှု ပြတိုက်အားခေတ္တယာယီပိတ်ထားခဲ့ပြီး COVID-19 ရောဂါပြီးဆုံးချိန်တွင် ဒေသခံပြည်သူများ၊ ခရီးသွား ဧည့်သည်များ လာရောက်လေ့လာနိုင်ကြောင်းနှင့်၄င်း၏ရိုးရာယဉ်ကျေးမှုပြတိုက်နေအိမ်သည် အလျား ၅၅ ပေ ၊ အနံ ၂၀ပေ နှစ်ထပ်နေအိမ် အဆောက်အအုံဖြစ်ကာ ချင်းတိုင်းရင်းသားများ၏ ရိုးရာနေအိမ်အတိုင်း ဆောက်လုပ်ထားရှိကြောင်းသိရှိရသည်။

စာစုများ -