ချင်းပြည်နယ်တောင်ပိုင်းရှိ တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေနှင့် COVID-19 Special Relief Loan ချေးငွေများပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

                ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်များဖြစ်သော မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နှင့် ကန်ပလက်မြို့နယ်များ အတွင်းရှိ တောင်သူများအတွက် ၂၀၂၀ ပြည့်နှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများနှင့် COVID-19 Special Relief Loan ချေးငွေများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ချင်းပြည်နယ်အစိုးရအဖွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ်တက်ရောက်၍ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရသည်။  အခမ်းအနားတွင် ရှေးဉီးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးမရှိသေးသော ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်များဖြစ်သည့် မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ် များရှိတောင်သူလယ်သမားများအား စိုက်ပျိုးချိန်အမှီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနိုင်ရေးနှင့်  Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း COVID-19 Special Relief Loan ​ချေးငွေများထုတ်ချေးရခြင်းနှင့်ပတ်သတ်၍ လည်းကောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူလယ်သမားများထံသို့ အချိန်မီရောက်ရှိ စေရေးနှင့် ဒေသတွင်းတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေး ဆောင်ရွက် ပေးကြရန် အမှာစကားပြောကြားသည်။  ထို့နောက် ချင်းပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲပြည်နယ်တာဝန်ခံ လက်ထောက် အထွေထွေ မန်နေဂျာ ဉီးစိုးကိုကိုဝင်းက ချေးငွေများနှင့်ပတ်သတ်သည့် လုပ်ငန်းစဉ် အဆင့်ဆင့် တို့ကိုရှင်းလင်းတင်ပြပြီး နောက် မြို့နယ် ၃ မြို့နယ်ရှိတောင်သူ ဉီးရေ(၉၉၂)   ဉီး၊ စိုက်ပျိုးမြေဧက စုစုပေါင်း ၁၆၁၃ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်(၂၃၁၂.၅၀)သိန်းနှင့် COVID-19 Special Relief Loan ​ချေးငွေကျပ်(၄၈၄.၀၀)သိန်း စုစုပေါင်းထုတ်ချေးငွေကျပ် (၂၈၀၅.၅၀)သိန်းတို့ကို ချင်းပြည်နယ် ဝန်ကြီးချုပ်ကပေးအပ်ရာ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြပြီး တောင်သူများကိုယ်စား မင်းတပ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါ ချေးငွေများကို နိုင်ငံတော်မှ အတိုးနှုန်းသက်သာစွာဖြင့်ငွေကျပ်တစ်ရာကို ၅ ရာခိုင်နှုန်း ဖြင့် စိုက်ပျိုးစရိတ်ချေးငွေကို ၂၀၂၁ခုနှစ်၊ မတ်လ ၁၅ရက်နေ့အထိလည်းကောင်း၊           COVID-19 Special Relief Loan ​ချေးငွေကို ၂၀၂၁ခုနှစ်၊သြဂုတ်လ ၁၅ရက်နေ့အထိလည်းကောင်း ထုတ်ချေးပေးခြင်းဖြစ်ပြီး စိုက်ပျိုးချိန်အမှီ တောင်သူများအား စိုက်ပျိုးနိုင်ရန်အတွက် ထုတ်ချေး ပေးရခြင်းဖြစ်ပါကြောင်း၊ ချင်းပြည်နယ်တောင်ပိုင်းတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မရှိသဖြင့် စိုက်ပျိုးစရိတ် လိုအပ်နေကြသည့် မင်းတပ်မြို့နယ်၊မတူပီမြို့နယ်နှင့်ကန်ပက်လက်မြို့နယ်များရှိ တောင်သူလယ်သမားများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေး မှူးများမှတစ်ဆင့် တာဝန်ယူထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲပြည်နယ်တာဝန်ခံ လက်ထောက် အထွေထွေ မန်နေဂျာ ဉီးစိုးကိုကိုဝင်းက ချေးငွေ များနှင့်ပတ်သတ်၍ ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲပြည်နယ်တာဝန်ခံ လက်ထောက် အထွေထွေ မန်နေဂျာ ဉီးစိုးကိုကိုဝင်းနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

စာစုများ -