တီးတိန်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆောက်အဦနှင့် ၄င်း ဌာနပိုင် ကျိမ်နွဲရိပ်သာ တည်ဆောက်မှုလုပ်ငန်း သြဂုတ်လအတွင်းအပြီးတည်ဆောက်သွားမည်

ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ခွင့်ပြုရန်ပုံငွေ ကျပ် ၃၈၄ ဒသမ ၃၂၇သန်းဖြင့် EqualConstruction & Decoration ကုမ္ပဏီမှတာဝန်ယူတည်ဆောက်သည့် တီးတိန်မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆောက်အဦ (၁၄၀×၃၄)ပေ၊RCC ( ၂)ထပ်
တည်ဆောက်ခြင်းလုပ်ငန်း ယနေ့တွင် ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။အလားတူ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၂ဝ၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်၊ခွင့်ပြုရန်ပုံငွေကျပ် ၂၇၆ ဒသမ ၂၅၀သန်းဖြင့် မြန်မာထင်းရှူးမြိုင် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် တီးတိန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပိုင် ကျိမ်နွဲရိပ်သာ (၆၀×၅၄×၂၄)ပေ၊RCC (၂)ထပ် တည်ဆောက်ခြင်းလုပ်ငန်း ယနေ့တွင် ၇၀ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။အဆိုပါလုပ်ငန်းများကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိကြောင်း တီးတိန်မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှစိုး ထံမှ သိရသည်။

စာစုများ -