ရိခေါ်ဒါရ်မြို့၌ အသက် တစ်နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ စတင်ထိုးနှံတိုက်ကျွေးပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ မြို့ပေါ်ရပ်ကွက်အတွင်းရှိ မွေးကင်းစကလေးငယ်မှ တစ်နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဇူလိုင် (၁၁) ရက် နံနက် (၉) နာရီခွဲတွင် ရိခေါ်ဒါရ်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရပြီး အဆိုပါ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် အသက်အရွယ်အပိုင်းအခြားအလိုက်ခွဲခြားပြီး ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေး စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများ၊ ဝက်သက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ မေးခိုင်ကာကွယ်ဆေး စသည်များကို ထိုးနှံတိုက်ကျွေးပေးထားခဲ့ကြောင်း သိရသည်။ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ရိခေါ်ဒါရ်ကျေးလက်ကျန်းမာရေးဌာနခွဲ တာဝန်ကျသားဖွားဆရာမ ဒေါ်လျန်ရှန်ကိမ်းနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ လာမည့်အပတ်အတွင်း အမှတ် (၂) ရပ်ကွက်သို့ ဆက်လက်ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

စာစုများ -