အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ရိခေါ်ဒါရ်၌ ဖြန့်ဝေဆောင်ရွက်မှု

မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေပြီး မူးယစ်ဆေးဝါးအန္တရာယ် တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက်အတွင်း၌ ဇူလိုင် (၁၁) ရက် နံနက် (၈) နာရီတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။ အဆိုပါ သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးလာလ်ပက်လောမ်နှင့် ရုံးဝန်ထမ်းများမှ ဖြန့်ဝေဆောင်ရွက်ထားခြင်းဖြစ်ပြီး လက်ကမ်းစာစောင်၌ မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းတွင် ပြည်သူများပူးပေါင်းပါဝင်ရေး၊ လုံခြုံစိတ်ချ သတင်းပေးပို့ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ၊ ကဗျာ၊ ဆောင်ပုဒ်နှင့် ကာတွန်းများ ဖော်ပြပါရှိကြောင်း သိရသည်။ လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ဌာနဆိုင်ရာများ၊ ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက်အတွင်းရှိ အများပြည်သူများအိမ်တိုင်ရာရောက် ဖြန့်ဝေပေးသည့်အပြင် အများပြည်သူသွားလာလှုပ်ရှားမှုများပြားသည့် အဓိကလမ်းမကြီးများ၊ အိမ်ကြားလမ်းများ၌ သွားလာလှုပ်ရှားသူများကိုလည်း ဖြန့်ဝေပေးထားခဲ့ကြောင်း သိရသည်။

စာစုများ -