ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနက ဖွင့်လှစ်လျက်ရှိသည့် လူသုံးကုန်လက်တွေ့လုပ်ငန်းခွင်သင်တန်းသို့ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ် လာရောက်အားပေး

            ချင်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနမှ  (COVID-19) စီးပွားရေးအစီအစဉ်ဖြင့် ဖွင့်လှစ် ပို့ချလျက်ရှိသည့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင်သင်တန်းသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဉီးမာန်ဟင်းဒါလ်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီတွင်သင်တန်းဖွင့်လှစ်ရာ ဟားခါးမြို့ ကာရာနီဘုရားကျောင်း၌ သင်တန်းသား၊ သင်တန်းသူများအား လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။  ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး ၊ သစ်တောနှင့် သတ္တုဝန်ကြီး ဉီးမာန်ဟင်းဒါးလ်က သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် မိမိတို့သင်ကြားရသည့်ဘာသာရပ်အလိုက် လေ့လာကြိုးစားကြရန် နှင့် ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရရှိနိုင်သည့် နေရာများကို သိရှိစေပြီး သင်တန်းမှ သင်ယူ ထားသည့် ပညာရပ်များအား စီးပွားဖြစ် လုပ်ကိုင်နိုင်ကြရန်၊ ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်း ဉီးစီး ဌာနမှ သင်တန်း ဆရာ၊ ဆရာမများကလည်း ဘာသာရပ်များအား တတ်ကျွမ်းနားလည် သဘောပေါက် ပြီးလက်တွေ့လုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချနိုင်စေရန်အတွက် ထိရောက်စွာ သင်ကြားပို့ချပေးရန် ပြောကြားခဲ့သည်။   အဆိုပါ လူသုံးကုန်လက်တွေ့လုပ်ငန်းခွင်သင်တန်းသို့ ဟားခါးမြို့ပေါ်ရပ်ကွက်များမှ သင်တန်းသား၊ သင်တန်းသူ (၃၅) ဉီးတက်ရောက်လျက်ရှိပြီး ဘာသာရပ်များအနေဖြင့် ဘက်စုံသုံးဆပ်ပြာရည်ပြုလုပ်နည်း၊ ပန်းကန်ဆေးဆပ်ပြာပြုလုပ်နည်းအဆင့်ဆင့်၊ အဝတ်လျှော်ဆပ်ပြာပြုလုပ်နည်းနှင့် ရေချိုးဆပ်ပြာပြုလုပ်နည်း များကို ဇူလိုင်(၁၆)နေ့မှစ၍ သင်တန်းပို့ချပေးလျက်ရှိကြောင်း(COVID-19) စီးပွားရေးအစီအစဉ်ဖြင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေရရှိစေရေးဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်း ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနမှ သိရသည်။

စာစုများ -