တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊တားဆီးရေးနှင့် ဘေးကင်းလုံခြုံရေး ရှောင်တခင်စစ်ဆေး

            ချင်းပြည်နယ်၊တီးတိန်မြို့ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊တားဆီးရေးနှင့် လုံခြုံဘေးကင်းရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် စားသောက်ဆိုင်များ၊မြို့မစည်ပင်သာယာစျေးနှင့် လက်ဘက်ရည်ဆိုင်များကို ယနေ့နံနက်ပိုင်းက ရှောင်တခင်စစ်ဆေးသည်။ ထိုသို့စစ်ဆေးရာတွင် စျေးရောင်းသူများနှင့် စားသုံးသူများ လိုက်နာရမည့်နောက်ဆုံး ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ် ချက်များ၊လိုက်နာခြင်းရှိမရှိ၊လက်ဆေးကန်နှင့် လက်ဆေးရည် ထားရှိအသုံးပြုခြင်း၊ဆိုင်ခန်းထဲသို့မဝင်မီ စက္ကန့်(၂၀) လက်ဆေးရန်၊Mask တပ်ရန်၊၆ ပေအကွာတွင် ထိုင်ရန်၊အဖျားတိုင်းရန်နှကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ​ထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီ သတင်းရယူနိုင်ရေး အသိပညာပေး စစ်​ဆေးခြင်းဖြစ်သည်။  ယခုလိုစစ်ဆေးခြင်းကို ဒုတိယအကြိမ်စစ်ဆေးရာတွင် သတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိသော စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များကို အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရှောင်တခင် စစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။

စာစုများ -