ချင်းပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား ထောက်ပံ့ငွေပေးအပ်
                  ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ကိုဗစ်-၁၉ ကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား ဇူလိုင် ၂၆ ရက်က ထောက်ပံ့ငွေပေးအပ်သည်။ ပြည်နယ်ဝန်ကြီးချုပ်သည် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ဒေသခံပြည်သူများနှင့် ရိခေါ်ဒါရ်မြို့အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ရိခေါ်ဒါရ်မြို့ဒေသဖွံ့ဖြိုးရေးတင်ပြချက်များကို ပြည်နယ်ဝန်ကြီးချုပ်က သက်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်း အိမ်ထောင်စု(၂၂၀)ကို ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေပေးအပ်သည်။ ဆက်လက်၍ ဖလမ်းမြို့နယ်၊ ခေါထီကျေးရွာ ဒေသခံပြည်သူများနှင့် အဆိုပါကျေးရွာခန်းမ၌တွေ့ဆုံပြီး ခေါထီအုပ်စု ခေါထီကျေးရွာမှ အိမ်ထောင်စု(၂၃)စုနှင့် ရိခေါ်ဒါရ်ကျေးရွာမှ အိမ်ထောင်စု(၉)စု စုစုပေါင်း (၃၂)စုတို့ကိုလည်း ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေပေးအပ်သည်။ အဆိုပါအိမ်ထောင်စု (၂၅၂)စုကို နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလ ဒုတိယအကြိမ် အခြေခံလူတန်းစားအိမ်ထောင်စုတစ်စုလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။
စာစုများ -