ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ဇူလိုင်၂၅ရက်နေ့တွင် ဖလမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
                 ချင်းပြည်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ဖလမ်းခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၅ ရက်က ဖလမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖလမ်းမြို့နယ် ဖလမ်း-ရိခေါ်ဒါရ်လမ်း တီးဖိုင်ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများက တံတားတည်ဆောက်ပြီးစီးမှုအခြေအေနများကို ရှင်းလင်းတင်ပြသည်။ အဆိုပါတံတားသည် တံတားစီမံကိန်းအဖွဲ့(၁)ဟားခါးက ငွေကျပ်(၄၆၆)သန်းကုန်ကျခံကာ အရှည်(၈၀)ပေ၊ အကျယ်(၃၀)ပေ ကွန်ကရစ်တံတားဖြင့် တည်ဆောက်ပြီးစီးခြင်းဖြစ်သည်။ ထိုနောက် ဖလမ်းမြို့နယ်၊ တလန်ဇော်ကျေးရွာလမ်း ဖောက်လုပ်နိုင်ရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖလမ်းမြို့နယ်၊ သီးဘွာလ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ သီးဘွာလ်ကျေးရွာ ဒေသခံပြည်သူများနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွေ့ဆုံဆွေးပြီး ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတင်ပြချက်များကို ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ေပးပြီး ဒေသခံပြည်သူများကို ဟင်းသီးဟင်းရွက် မျိုးစေ့များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
စာစုများ -