ချင်းပြည်နယ်ဝန်ကြီးချုပ် ဖလမ်းမြို့နယ်၊ သီးကျိရ်အုပ်စု ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေပေးအပ်
             ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ဖလမ်းမြို့နယ်၊ သီးကျိရ်အုပ်စုအတွင်း ဒေသခံပြည်သူများနှင့် ဇူလိုင် ၂၅ ရက် ညနေပိုင်းက သီးကျိရ်အုပ်စု အုပ်ချုပ်ရေးမှူး ဦးဟရမ်းကူး နေအိမ်၌ တွေ့ဆုံဆွေးနွေးသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အမှာစကားပြောကြားပြီး သီးကျိရ်အုပ်စုအတွင်း ကျေးရွာများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်မှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေကို ပေးအပ်သည်။ ဖလမ်းမြို့နယ်၊ သီးကျိရ်အုပ်စုအတွင်း သီးကျိရ်ကျေးရွာတွင် အိမ်ထောင်စု(၁၆)၊ မွန်လွှကျေးရွာတွင် အိမ်ထောင်စု(၁၄)စု နှင့် ခွေးမွာလ်ကျေးရွာတွင် အိမ်ထောင်စု(၄)စု စုစုပေါင်း အခြေခံလူတန်းစား အိမ်ထောင်စု(၃၄)စုကို အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)စီဖြင့် နိုင်ငံတော်အစိုးရမှ ဒုတိယအကြိမ်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
စာစုများ -