တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ကာလ အခြေခံလူတန်းစားများ ငွေကြေး ထောက်ပံ့ပေးအပ်

          ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ကာလ နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် အခြေခံလူတန်းစားများ ငွေ​ကြေးထောက်ပံ့ပေးအပ်ခြင်းကိုယနေ့ နေ့လည် ၁ နာရီက တီးတိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။ ထိုသို့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုးက ထောက်ပံ့ကြေးပေးအပ်ခြင်းအကြောင်းကိုရှင်းလင်းပြောကြားပြီး တီးတိန်မြို့ပေါ် (၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု (၅၅)အုပ်စုမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ကြေး များကိုလွှဲ​ပြောင်းပေးအပ်သည်။ တီးတိန်မြို့နယ်တွင် အခြေခံလူတန်းစားအိမ်​ထောင်စု ၆၆၅၀ နှင့် ခိုင်ကမ်းမြို့တွင်၄၃၇၊ စုစုပေါင်း အိမ်ထောင်စု ၇၀၈၇ သည်  ထောက်ပံ့ကြေးများကို တစ်အိမ်ထောင်စုလျှင် ကျပ် ၂၀၀၀၀ိ/- စီရရှိမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

စာစုများ -