ဟားခါးမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ထောက်ပံ့ငွေများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

            COVID - 19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) လုပ်ငန်းစဉ်အရ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အိမ်ထောင်စု (၁)စုလျှင် ၂၀၀၀၀ကျပ် နှုံးဖြင့် နိုင်ငံတော်က ထောက်ပံ့ပေးအပ်လျက်ရှိရာ ဟားခါးမြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ဉီးရေ စုစုပေါင်း ၂၇၀၂ အိမ်ထောင်စုအတွက် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဉီးမြင့်ဉီးနှင့်အတူ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအုပ်စုများအထိသွားရောက်၍ အိမ်အရောက်ထောက်ပံ့ပေးခဲ့ရာ ဇူလိုင်လ ၂၇ ရက်နေ့တွင်အိမ်ထောင်စုများအားလုံးကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။  "ဟားခါးမြို့နယ်အတွင်းမှ မြို့ပေါ်ရပ်ကွက်အပါအဝင် ကျေးရွာများအထိ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ အစုအဖွဲ့များခွဲ အိမ်အထိသွား၍ လက်ဝယ်အရောက်ပေးအပ်ခဲ့တာပါ။ အခုလို ဆောင်ရွက်ရာမှာ ပါဝင်ကူညီဆောင်ရွက်ပေးကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းများကို အထူးကျေးဇူးတင်ရှိသလို ထောက်ပံ့ငွေရရှိတဲ့ ကျေးရွာများက မိသားစုဝင်တွေလည်း နိုင်ငံတော်ရဲ့စေတနာကို အသိအမှတ်ပြုပေးကြလို့ ဝမ်းမြောက်ရပါတယ်" ဟု ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဉီးမြင့်ဉီးက ပြောပြခဲ့ပါတယ်။

စာစုများ -