ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တီးတိန်မြို့​၊ မြို့မအထက(ခွဲ) ကျောင်းဖွင့်လှစ်မှု ကွင်းဆင်းကြည့်ရှု
            ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်သည် ယနေ့နံနက်၉နာရီတွင်အခြေခံပညာဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ မြို့မရပ်ကွက်၊တီးတိန်မြို့ ကျောင်းဖွင့်လှစ်မှုအားသွားရောက်ကွင်းဆင်းကြည့်ရှုကြောင်းသိရသည်။ ထိုသို့သွားရောက်ကြည့်ရှုရာတွင်လူမှုရေးဝန်ကြီးသည်ကိုဗစ်-၁၉ကာလတွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောကြေညာချက်များကိုဆက်လက်လိုက်နာ​​ဆောင်ရွက်ရန်မှာကြားပြီးကျောင်းအတွက်လိုအပ်ချက်များကိုတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်းသိရသည်။ အဆိုပါအခြေခံပညာဦးစီးဌာန၊အခြေခံပညာအထက်တန်းကျောင်(ခွဲ)၊​မြို့မ၊တီးတိန်မြို့ကျောင်းသည်ကိုဗစ်-၁၉ ကာလတွင်တီးတိန်မြို့​ပေါ်၌ပထမဆုံးဖွင့်လှစ်သောကျောင်းဖြစ်ပြီးGrade11(စနစ်ဟောင်း)တွင်ကျောင်းသား၊ကျောင်းသူ(၈၆)ယောက်၊Grade10(စနစ်သစ်)တွင်ကျောင်းသား၊ကျောင်းသူ(၇၅)​ယောက်ရောက်ပညာသင်ကြားကြောင်းသိရသည်။
စာစုများ -