ငွေကျပ်(၃)သိန်းကျော်တန်ဖိုးရှိ သက်တမ်းလွန်အလှကုန်ပစ္စည်းများ စျေးကွက်အတွင်း ရောင်းချရန်မသင့်သဖြင့် သိမ်းဆည်း

           Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ချင်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဉီးစီးဌာနမှ ဦးစီးအရာရှိ(ဆေးဝါးဓာတ်ခွဲ) ဒေါ်မွန်မွန်ခိုင် ဉီးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များ နှင့်အညီ နှာခေါင်းစည်းMaskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ဇူလိုင်လ ၂၈ရက်နေ့ နံနက် ၉နာရီခွဲအချိန်က ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားသည့် အလှကုန်ပစ္စည်းများ၊ ဌာနမှ ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့် အလှကုန်ပစ္စည်းများနှင့် သက်တမ်းလွန် လှကုန်ပစ္စည်း ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။ မြို့နယ်ပူးပေါင်းကော်မတီအဖွဲ့များတွင် ရဲတပ်ဖွဲ့ ၊ အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့၊စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်းမာရေးနှင့် ကုသရေး ဉီးစီးဌာနတို့ ပါဝင်ပြီး ဟားခါးမြို့ပေါ်ရပ်ကွက်များရှိအလှကုန်ပစ္စည်း အရောင်းဆိုင် (၁၁)ဆိုင်ကို ကွင်းဆင်း စစ်ဆေးခဲ့ကြရာ ငွေကျပ်(၃)သိန်းကျော်တန်ဖိုးရှိ သက်တမ်းလွန်အလှကုန်ပစ္စည်းများကို စျေးကွက် အတွင်း ရောင်းချရန်မသင့်တော့သဖြင့်သိမ်းဆည်းခဲ့ပြီး သိမ်းဆည်းရရှိသည့် သက်တမ်းလွန် အလှကုန်ပစ္စည်းကို  ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အတူ မြို့နယ်စည်ပင်သာယာရေး အဖွဲ့က မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ချင်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဉီးစီးဌာနအနေဖြင့် သက်မှတ်စံနှင့်ကိုက်ညီမှုမရှိသည့် ဆေးဝါးများ ၊အလှကုန်ပစ္စည်းများနှင့် အစားအသောက်များကို လစဉ်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စာစုများ -