ရိခေါ်ဒါရ်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားပြည်သူများအတွက် ငွေသားဖြင့် ထောက်ပံ့ပေး
            ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့အတွင်းရှိ ပုံမှန် ဝင်ငွေမရှိသည့် အခြေခံလူတန်းစားပြည်သူများအတွက် ငွေသားဖြင့်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများက အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခြေခံလူတန်းစားများအတွက် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အထောက်အကူဖြစ်စေရန် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုအလိုက် နိုင်ငံတော်အစိုးရမှ ငွေသားဖြင့် အိမ်ထောင်စု တစ်စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်လူငယ်အဖွဲ့များက ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်နှစ်ခုရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ပြည်သူ များ အိမ်ထောင်စု (၂၂၀)စုထံသို့ အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
စာစုများ -