မော်တော်ယာဉ်လိုင်းများပြေးဆွဲရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသောအချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရေး အသိပညာပေး

               ချင်းပြည်နယ် ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော အချက်များနှင့်အညီ မော်တော်ယဉ်ပြေးဆွဲရာတွင် လိုက်နာဆောင်ရွက် နိုင်စေရေး COVID-19​ ရောဂါကာကွယ်တားဆီးရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ဇူလိုင် ၃၀ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ဟားခါးမြို့အဝေးပြေး ကားဂိတ်တွင် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ကျန်းမာရေးမှူး ဦးပီတာထန်ဒိတ်တုန်း၊ ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်၊ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်ဦးနှင့်ဝန်ထမ်းများ၊ အမှတ်(၁၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး(ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ကို ဟားခါးမြို့ အဝေးပြေးကားဂိတ်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။ ရှေးဦးစွာ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ကျန်းမာရေးမှူး ဦးပီတာထန်ဒိတ်တုန်းက COVID-19​ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အများပြည်သူသုံး ယာဉ်ကြီး၊ ယာဉ်ငယ်နှင့် အဝေးပြေးကားဂိတ်များတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များတွင် ပါဝင်သည့် ခရီးသွားပြည်သူများ ၊ ယာဉ်ဝန်ထမ်းများ၊ယာဉ်လိုင်းပိုင်ရှင်များနှင့် အငှားယာဉ်မောင်းများ လိုက်နာ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ အဝေးပြေးကားဂိတ်၊ယာဉ်ရပ်နားစခန်းများကို ပိုးသတ် ဆေးဖျန်း ခြင်းနှင့် ပိုးသတ်သန့်စင်ဆေးရည်ဖျော်စပ်နည်းများကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက် လာကြသူများအား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပါသည်။ ထို့နောက် ပူးပေါင်းအဖွဲ့သည် COVID-19​ ရောဂါကာကွယ်တားဆီးရေးအတွက် မိမိလုပ်ငန်း ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြပြီးနောက် မိမိဌာနလုပ်ငန်းစဉ်အတိုင်း မော်တော်ယာဉ်၏အင်္ဂါရပ်များ ပြည့်စုံမှုရှိ၊မရှိနှင့် ယာဉ်မောင်း၊ယာဉ်နောက်လိုက်ခရီးသည်ပြည်သူများ အနေဖြင့် လိုက်နာရမည့် အချက်များ လိုက်နာမှုရှိ၊မရှိတို့ကိုကွင်းဆင်း စစ်ဆေးခဲ့ကြပြီးလိုက်နာမှုမရှိပါက အရေးယူခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

စာစုများ -