တီးတိန်၌ ကုန်စုံဆိုင်များ ရှောင်တခင်စစ်ဆေး


    

ချင်းပြည်နယ်၊တီးတိန်မြို့ ကုန်စုံဆိုင်များတွင်တရားဝင်ကုန်ပစ္စည်းများရောင်းချခြင်းနှင့်တားမြစ်ပစ္စည်းများ ရောင်းချခြင်းရှိမရှိ ယနေ့ နံနက် ၁၀ နာရီက တီးတိန်မြို့နယ်ရဲမှူး ခင်မောင်ဋ္ဌေး၊မြို့မ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝုန့်ကျင့်ထောင်းနှင့် တာဝန်ရှိသူတို့ကရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် လူကိုအန္တရာယ်​ဖြစ်စေသော​ဓာတုပစ္စည်းများ ရောင်းချမှုနှင့် ဝယ်ယူသူများ၏အခြေအနေများကို အဓိကစစ်ဆေးပြီး၊ပစ္စည်းမှန်နှင့် တရားဝင်ပစ္စည်းများရောင်းချရေး၊တားမြစ်ပစ္စည်းများ ရောင်းဝယ်မှုမရှိစေရေး၊ ရှောင်တခင်စစ်ဆေးခြင်းဖြစ်ကြောင်း၊မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

စာစုများ -