ဟားခါးမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

 

၂၀၂၀ပြည့်နှစ်ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဉပဒေတွင်  ပြဌာန်းထားသောဉပဒေများ လိုက်နာဆောင်ရွက်စေရေး ဟားခါးမြို့တွင် အမှတ် (၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးစိုးလွင် ဉီးဆောင်သောယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ၊  ဟားခါးမြို့မစခန်းမှူးဒုရဲမှူးဉီးမျိုးဝင်းလှိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနပြည်နယ်ဉီးစီးမှူး ဉီးမျိုးလွင်ဉီးနှင့်ဝန်ထမ်းများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဉီးစီးဌာန ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှဆရာ၊ဆရာမများနှင့် ကျောင်းသူ လေးများပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဟားခါး မြို့နယ်စုပေါင်းရုံးအနီး ဗိုလ်ချုပ်လမ်းမကြီးတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။အဆိုပါအသိပညာပေးခြင်းလုပ်ငန်းတွင် ၊နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းသူလေးများကလမ်းဘေးဝဲယာ၌ မော်တော်ယာဉ်မောင်း     နှင်ရာတွင် လူကူး မျဉ်းကြားတွင်ရပ်ပေးပါ ၊ အရှိန်လျော့ပါ ၊ အမြန်နှုန်းသတ်မှတ်ချက်များကိုလိုက်နာ၊ အရှိန်လျော့မောင်း ပါ၊  မူးယစ်ကင်းမှမောင်းနှင်ပါ ၊ လူကူးမျဉ်းကြားမှကူးပါ၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင်ရှေ့မီး အနိမ့်ကို နေ့ညဖွင့်၍ မောင်းနှင်ပါ ၊ ဆိုင်ကယ်စီးဉီးထုပ်ကို သတ်မှတ်ထားသည့်စံချိန်စံညွှန်း        နှင့်ညီသော ဆိုင်ကယ်စီးဉီးထုပ်များအသုံးပြုရန် ၊ မော်တော်ယာဉ်နံပါတ်ပြားတပ်ဆင်မောင်းနှင်ရန်နှင့် ယာဉ်လိုင်စင်၊ယာဉ်မောင်းလိုင်စင်များပြည့်စုံစွာထားရှိရန်စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ထားကြကာအသိပညာ ပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ အမှတ် (၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးစိုးလွင်  ဉီးဆောင်သောယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ ၊  ဟားခါးမြို့မစခန်းမှူး ဒုရဲမှူးဉီးမျိုးဝင်းလှိုင်နှင့်တပ်ဖွဲ့ဝင်များ၊  ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာန ပြည်နယ်ဉီးစီးမှူး ဉီးမျိုးလွင်ဉီးနှင့်ဝန်ထမ်းများက မော်တော်ဆိုင်ကယ်များတွင် ရောင်ပြန်စတေကာ      ကပ်ပေးခြင်း၊ COVID-19 ကာလအတွင်းပါးစပ်နှာခေါင်းစည်း (MASK )များအခမဲ့ ဖြန့်ဝေခြင်းနှင့်ချင်းတိုင်းရင်းသားဘာသာ၊မြန်မာဘာစကားဖြင့် ထုတ်ဝေထားသည့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးစိုးလွင် ထံမှသိရသည်။

စာစုများ -