ချင်းပြည်နယ် ၊ မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း စားသောက်ဆိုင်များအား ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ရောင်းချခြင်း ရှိ/မရှိ လှည့်လည် ကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက မတူပီမြို့ ခိုဘွေရပ်ကွက်နှင့် လောင်ဗန်းရပ်ကွက်တို့၌ မြို့နယ်အဆင့်
ကိုဗစ်−၁၉ ရောဂါ ၊ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။အဆိုပါ စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်အဆင့်ကိုဗစ်−၁၉ ရောဂါကာကွယ်၊ထိန်းချုပ်ရေး ကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က ဦးဆောင်ပြီး မြို့နယ်စည်ပင်အမှုဆောင်အရာရှိ
ဦးထန်လင်း နှင့် စည်ပင်ကော်မတီဉက္ကဌ ဦးလိန်းလော၊မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊မြို့မိမြို့ဖများ၊ CYO အဖွဲ့၊မရာလူငယ်အဖွဲ့ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပူးပေါင်းကာ တစ်ဆိုင်ပြီးတစ်ဆိုင် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ယင်းသို့စစ်ဆေးရာတွင်“မြို့နယ်အုပ်ချုပ် ရေးမှူးက စားသောက်ဆိုင်ပိုင်ရှင်များ အနေနဲ့ ကျန်းမာ ရေးဝန်ကြီးဌာန၏ညွှန်ကြားချက်နှင့်အညီ စနစ်တကျရောင်းချရန်၊နှားခေါင်းစည်း တပ်ဆင်ရန်၊ Face Shield တပ်ဆင်ရန် လက်ဆေးဘေစင်များကို မြင်သာသည့် နေရာတွင် ထားရှိရန်နှင့် လိုက်နာမှုမရှိသူများအား အရေးယူဆောင်ရွက်သွားမည်ဟု” မှာကြားသည်။ “ယခုကဲ့သို့ စစ်ဆေးခြင်း လုပ်ငန်းကို တစ်ပတ်လျှင် (တစ်ကြိမ်)ရှောင်တခင် စစ်ဆေးသွားမည်”ဟုလည်း မှာကြားခဲ့ကြောင်းသိရသည်။
