နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိဘဲ လမ်းသွားလမ်းလာ ပြုကြသူများအား ရှောင်တခင် စစ်ဆေးခြင်းဆောင်ရွက်

ချင်းပြည်နယ်၊မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ်ရေး ကော်မတီအဖွဲ့ ဦးဆောင်မှုဖြင့်ယနေ့နံနက် ၈နာရီက နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိပဲ လမ်းသွားလမ်းလာပြုသူများအား ရှောင်တခင် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကျော်ဝင်းလှိုင် ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကွီးလိုင်း၊မြို့နယ်စည်ပင်သာယာရေးအမှု ဆောင်အရာရှိ ဦးထန်လင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဌ ဦးလိန်းလော၊   ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိမြို့ဖ ဦးထန်ကျင်း၊ MCDOအဖွဲ့၊   CYOအဖွဲ့၊   မရာလူငယ်အသင်း နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းက နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း မရှိဘဲ လမ်းသွားလမ်းလာ ပြုသူများအား ရှောင်တခင်စစ်ဆေးကာ (၂၁)ဦးကို ဖမ်းဆီးအရေးဆောင်ရွက်  ကြောင်း သိရသည်။

စာစုများ -