ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ရိခေါ်ဒါရ်၌ ကျင်းပ

 

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ စီစဉ်ဦးဆောင်မှု၊မြို့အဆင့်ဌာနဆိုင်ရာများနှင့် မြို့စည်ပင်သာယာရေးကော်မတီ၏ ပူးပေါင်းပါဝင်မှုဖြင့်ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင်ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက် ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး   ဦးကျင်လမ်းခိုင်က ရိခေါ်ဒါရ်မြို့၌ပြီးခဲ့ သည့် ဇွန်လ ၂၂ ရက်က လှုပ်ခတ်ခဲ့သည့်   မြေငလျင်ကြောင့် မိမိတို့ဒေသမှာလည်းထိခိုက်ပျက်စီး မှုများရှိခဲ့ကြောင်း၊ ဇွန်လမှ ယနေ့အထိ  ပြင်းအားအနည်းငယ်ရှိသည့်မြေငလျင်လှုပ်ခတ်မှု မကြာခဏရှိနေပါကြောင်း၊  သို့ဖြစ်ပါ၍
ရပ်ကွက်ပြည်သူများအနေဖြင့်  မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ   ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် လိုအပ်ကြောင်း၊မြေငလျင်လှုပ်ခတ်မှုအကြောင်းရင်းများ၊ မြေငလျင် မလှုပ်ခတ်မီကြိုတငပြင်ဆင်ဆောင်ရွက် ရမည့်အချက်များ၊ ငလျင်မလှုပ်ခတ်မီနှင့် မြေငလျင်လှုပ်ခတ်နေစဉ်လိုက်နာ ကျင့်သုံးရမည့် အချက်များ၊ ရှောင်ရှားရမည့်အချက်များ၊  ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ သတင်းပေးရေး၊ ကူညီကယ်ဆယ်ရေးနှင့်အသိပညာပေးရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့ အစည်းများနှင့်ရပ်ကွက်ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းအကျယ်တဝင့် ရှင်းလင်းဆွေးနွေး သည်။
ဆက်လက်၍ ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် အောင်ဆန်းလင်းနှင့်မြို့စည်ပင် သာယာရေးကော်မတီအဖွဲ့ဝင် ဦးဆလိုင်းသိန်းဌေးလွင်တို့ကမြေငလျင်လှုပ်ခတ်မှုအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အတွေ့အကြုံများဖလှယ်ရှင်းလင်းခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ထုတ်ဝေသည့်    မြေငလျင်လှုပ်ခတ်မှုအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ပါ  သိရှိလိုက်နာရမည့်အချက်များကိုလူတစ်ဦးချင်းစီ မှတ်သားလိုက်နာပြီး အထူးအလေးထားကြရန်လိုအပ်ကြောင်း ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြပြီး “ ငလျင် ဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်ဖို့ ကြိုတင်ပြင်ဆင်ကြပါစို့  ”
အသိပညာပေး ဗီဒီယိုဇာတ်လမ်းတိုကို Projector ဖြင့် ပြသပေးသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများကမြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆွေးနွေးမှုများအပေါ် သိရှိလိုသည်များမေးမြန်းဆွေးနွေးကြကာ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ် များကမေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ဖြေကြားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မြို့စည်ပင်သာယာရေးကော်မတီဝင်များ၊မြို့ ကုန်တင်ကုန်ချအလုပ်သမားအဖွဲ့များ၊ ကျောင်းဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူ များတက်ရောက်ကြပြီးအခမ်းအနားတက်ရောက်လာကြသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ၌ နေရာထိုင်ခင်းချထားပေးပြီး   နှာခေါင်းစည်းများ တပ်ဆင်ထားကြကြောင်း၊အခမ်းအနားတက်ရောက် လာသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့်  မြေငလျင်လှုပ်ခတ်မှုအန္တရာယ်ဆိုင်ရာနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် လေးမျိုးကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စာစုများ -