ရိခေါ်ဒါရ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်တစ်လုံးပျက်စီး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ မိုးသည်းထန်းစွာရွာသွန်းပြီးကမ်းပါးမြေပြိုကျမှုကြောင့် သြဂုတ် ၁ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် ရိခေါ်ဒါရ်မြို့၊အမှတ်(၂) ရပ်ကွက်ရှိ လူနေအိမ် တစ်လုံး ပျက်စီးသွားခဲ့ကြောင်း သိရသည်။အဆိုပါ လူနေအိမ်သည် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိဦးလာလ်နယ်လိန်း၏ နေအိမ် အလျား ၁၈ ပေ၊ အနံ ၁၂ ပေရှိ ပျဉ်ခင်း၊ အုတ်ကြွပ်ပြားကာ၊သွပ်မိုးအမျိုးအစား ဖြစ်ပြီ း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါနေအိမ်၏  အနောက်ဘက် ကမ်းပါးအမြင့် ၁၈ ပေခန့် ပေါ်မှ မြေပြိုကျ၍လူနေအိမ်ပျက်စီးသွားရခြင်းဖြစ်ကြောင်း၊ အဆိုပါနေအိမ်၌ မိသားစုဝင်သုံးဦးနေထိုင်ခြင်းဖြစ်ပြီး နေအိမ်ပျက်စီးမှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်းသိရသည်။
အဆိုပါမြေပြိုကျမှုကြောင့် လူနေအိမ်ပျက်စိးသည့်နေရာတွင်ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့်ဒေသခံပြည်သူများပူးပေါင်းပြီး အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ဆယ်တင်ပစ္စည်းများ ကူညီဆောင်ရွက်လျှက်ရှိကြောင်း၊ သဘာဝဘေးသင့်အိမ်ထောင်စုအား ဦးဗိုင်းလျန်ဆုန်း၏ နေအိမ်၌ ယာယီပြောင်းရွှေ့ထားရှိပြီးလတ်တလော စားဝတ်နေရေး အဆင်ပြေစေရန် ရိခေါ်ဒါရ်မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်ပြီးငွေကျပ် တစ်သိန်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

စာစုများ -