အခြေခံပညာအလယ်တန်းကျောင်းအဆင့်တိုးအခမ်းအနားသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်

ချင်းပြည်နယ်၊ထန်တလန်မြို့နယ်၊ဆဲင်သုန်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းအဆင့်တိုး ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းအခမ်းအနားကို သြဂုတ်လ ၁ ရက် နံနက် ၁၁ နာရီ က အလကဆဲင်သုန် ကျောင်းဆောင်ရှေ့တွင် ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်၊ ထန်တလန်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နီရွှေလျန်၊ ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူ၊ ​​ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးမင်းသိန်းတို့က
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်းသိရသည်။
ကျောင်းအဆင့်တိုးဖွင့်ပွဲအခမ်းအနားကို  ဆက်လက်ကျင်းပရာ   ကျောင်းဖွင့်ပွဲကော်မတီနာယကအဖွဲ့မှ  ဦးအိပ်ချ်လျန်တီာလ်ကကြိုဆိုနှုတ်ဆက်စကားနှင့်ကျောင်းနောက်ခံသမိုင်းအကျဉ်းကို တင်ပြကာ ပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်က မိန့်ခွန်းပြောကြားပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်          ဒေါ်နီရွှေလျန်နှင့်ပြည်နယ်ပညာရေးမှူးဦးဘီကူးဒူတို့က အသီးသီးအမှာစကားပြောကြား ခဲ့ကြသည်။
ထို့နောက် ကျောင်းဖွင့်ပွဲကော်မတီ အတွင်းရေးမှူး  ဆရာကြီးဦးဒါရ်ဟူးက  ကျောင်းအတွက်လိုအပ်ချက်များတင်ပြရာ   တင်ပြချက်များအပေါ်   ပြည်နယ်လူမှုရေးဝန်ကြီး က ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ၁၂၀x၃၀ Steel Structure ကျောင်းဆောင်သစ် ခွဲဝေပေးထားကြောင်း၊လိုအပ်သည့် သင်ထောက်ကူပစ္စည်း၊      ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ခဲတံ၊​ ဘောလ်ပဲင်၊မူလတန်းအဆင့် ကျောင်းသား/သူ များအားလုံးအတွက်ကျောင်းဝတ်စုံ များကိုလည်းအခမဲ့ဖြန့်ဝေပေးထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျေးရွာအတွက် Face Shield များ၊ NaturalDisaster Awareness Postersများနှင့် ဘောလုံးများကို ပေးအပ်ခဲ့ကြောင်းသိရသည်။

စာစုများ -