မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါကာလအတွင်း အသက် ၈၀ နှင့် ၈၅ နှစ်အကြား ဘိုးဘွားများအားထပ်ဆောင်းထောက်ပံ့ ငွေ ရရှိရေးအတွက် စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်
ချင်းပြည်နယ် ၊ မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း အသက် ၈၀ နှင့် ၈၅ အကြားဘိုးဘွားများအား ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေစဉ် ထပ်ဆောင်းထောက်ပံ့ငွေ ရရှိနိုင်ရေးအတွက် စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး ၌ ဇူလိုင်လ ၂၉ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး ဒေါ်တိုးတိုးသန်း က “ရပ်ကွက်၊ ကျေးရွာ အုပ်စုများရှိ အုပ်ချုပ်ရေးမှူး များ (သို့) အုပ်စုစာရေးများကို ပုံစံဖြည့်စွက်စေခြင်းဖြင့် ကျေးရွာများရှိ လူဦးရေးစာရင်းအား တိကျမှန်ကန်စေရေးအတွက် အထူးဂရုစိုက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ကိုဗစ်−၁၉ ရောဂါ ကာလ ထပ်ဆောင်းထောက်ပံ့ငွေ ရရှိသည့် အခွင့်အရေးအား လူဦးရေးကျန်ရှိခြင်းမရှိစေရေးအတွက် ကိုယ်တိုင်ကြီးကြပ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်ဟု” ပြောကြားသည်။
အဆိုပါ စာရင်းကောက်ရာတွင် ကျေးရွာအုပ်စု(၆၅) အုပ်စု မှ တာဝန်ရှိသူများက လာရောက်စာရင်းပေးသွင်းကြောင်းသိရသည်။
စာစုများ -